။ ဝါးကျောင်းလေး ။

။ တောရကျောင်းမှာနေခဲ့ပါသည်တောင်ထိပ်ဝါးကျောင်းလေး။ ။ ဒီနေ့ မိုးသားရိပ်ရိပ်ဖြစ်နေလို့ အဝေးဝေးကိုကြည့်လိုက်ရင်ပဲ တောတောင်တွေဟာ တိမ်လွှာသိပ်သိပ်ကြားမှာ ပျော်စရာဖြစ်တဲ့နေ့တစ်နေ့ပါပဲ။ ဒီမနက်ခင်းလေးကပဲ ဒါယကာတွေကို၁) ဒုဒ္ဒ ဒံ ဒ ဒါတိ။၂) ဒုက္ကရံ ကရောတိ။၃) ဒုက္ခမံ ခမတိ ,ဆိုတဲ့(၁) ပေးနိုင်ခဲခြင်း(၂) ပြုနိုင်ခဲခြင်း(၃) သည်းခံနိုင်ခဲခြင်း တရားသုံးပါးအကြောင်းကို ချီးမြှင့်ခဲ့ပါတယ်။ ။ နံနက်ခင်းဩဝါဒပြီးလို့ ကျောင်းအောက်ကိုမဆင်းမီ ပတ်ဝန်းကျင်အဝေးဝေးကိုကြည့်လိုက်မိတဲ့အချိန်မှာပဲ ကြည်နူးစရာပါပဲ။ အလွန်အေးချမ်းတဲ့နံနက်ခင်း။ ။ ကျောင်းဆောင်ထဲပြန်ဝင်လာပြီး ပြုစရာကိစ္စကြီးငယ်တွေပြုပြီးလို့ ဆွမ်းစားနေရာမှာကြွသွားပြီး ဆွမ်းဘုဉ်းပေးပါတယ်။ ဒီနေ့ ဆွမ်းဝိုင်းကိုကြည့်လိုက်မိတဲ့အခါ ဖက်ဆွတ်မိုးကနေ ပေါက်လာတဲ့ဖက်ဆွတ်မှိုဟင်းပါနေတာကိုမြင်ရတော့ ဆွမ်းစားခါနီးဆင်ခြင်ရမယ့်လက္ခဏာတွေ မေ့နေသလိုပါပဲ။ ။ ဒီလိုပါ။ အရှင်ကငယ်ငယ်လေးကတည်းက မှိုဟင်းလျာကိုအလွန်နှစ်သက်သူဖြစ်တယ်မဟုတ်လား။ မှိုဟင်းဆိုကတည်းက ကြိုက်ပြီပေါ့။ ပစ္စဝေက္ခဏာဆင်ခြင်ပြီး ဆွမ်းလုတ်ပြုတဲ့အခါ ဆွမ်းကိုဘုဉ်ပေးပါတယ်။ ဆွမ်းဘုဉ်းပေးနေရင်းနဲ့ပါပဲ ဘုဉ်းပေးရတဲ့ ဆွမ်းဟင်းရည်ရဲ့အရသာဟာ ငယ်ငယ်လေးက … Continue reading ။ ဝါးကျောင်းလေး ။